Print

မျက်နှာပုံသဏ္ဍာန် နှင့် ဆံပင်

  14-Jul-2017
Preview Image


မျက်နှာပုံသဏ္ဍာန် အမျိုးမျိုးရှိတဲ့  အထဲမှာ ထင်ရှားတဲ့ ပုံသဏ္ဍာန်တွေကတော့ နှလုံးပုံ၊ မျက်နှာဝိုင်း၊ မျက်နှာလေးထောင့်၊ ဘဲဥပုံနဲ့ မျက်နှာရှည်တဲ့ ပုံငါးမျိုးပါပဲ။


၁။ နှလုံးပုံ (Heart)

မျက်နှာအပေါ်ဘက်ဝိုင်းပြီး မေးဘက်ကို သွယ်သွားတဲ့ပုံမျိုးပါပဲ။ ဒီလိုပုံစံရှိတဲ့သူဟာ ဘယ်လိုဆံပင်မျိုးနဲ့မဆို လိုက်ဖက်တဲ့အတွက် ကံကောင်းတယ်လို့ ဆိုရမှာပါ။ အရှည်၊ အတို၊ အကုပ်၊ အထပ်ထပ်၊ အဖြောင့်၊ အကောက် စိတ်ကြိုက်ထားနိုင်ပါတယ်။ 


၂။ မျက်နှာဝိုင်း (Round)

အထပ်ထပ်ပုံစံမျိုးဖြစ်စေ၊ အချွန်ပုံစံမျိုးဖြစ်စေ လိုက်ဖက်ပြီး နားရွက်နောက်ဘက်သိမ်းတဲ့ ပုံစံမျိုးနဲ့တော့ မလိုက်ဖက်ပါဘူး။ ဝိုင်းနေတဲ့ မျက်နှာကို ပိုပြီးဝိုင်းသွားသယောင်ဖြစ်စေနိုင်လို့ဖြစ်ပါတယ်။


၃။ မျက်နှာလေးထောင့် (Square) 

ဆံပင်ရှည်ထားတာမျိုးဖြစ်စေ၊ ကတုံး ဆံပင်ပေါက်ပုံစံမျိုး ဖြစ်စေနဲ့ လိုက်ဖက်သလို၊ အထပ်ထပ်နဲ့ ကုပ်ဝဲ ပုံစံမျိုးကလည်း လေးထောင့်ပုံစံ ဖြစ်နေတဲ့ မေးရိုးကို ဖုံးကွယ်ပေးနိုင်ပါတယ်။ ဆံပင် အရှည်အလိပ်နဲ့ အလိပ်လိပ် အခွေခွေ ပုံစံကလည်း မေးရိုးကားတဲ့ မျက်နှာနဲ့ လိုက်ဖက်ပါတယ်။ သတိထားရမှာကတော့ ဆံပင်သိမ်းပြီး နောက်ဘက်စည်းတဲ့ ပုံစံမျိုးကို ရှောင်ဖို့ပါပဲ။


၄။ ဘဲဥပုံ (Oval)

ဘယ်လို ဆံပင်ပုံစံမျိုးနဲ့မဆို လိုက်ဖက်တဲ့ မျက်နှာကျမျိုးပါ။ လှိုင်းကြီးကောက်ပုံစံ ခပ်ဖွာဖွာမျိုးကတော့ အလိုက်ဖက် ဆုံးပါပဲ။ မေးရိုးသွယ်လျတဲ့ မျက်နှာမျိုးအတွက် အထပ်ထပ်နဲ့ ဆံပင်ပုံစံမျိုးက ဆံပင်ကို များလာသယောင် ဖြစ်စေပါတယ်။


၅။ မျက်နှာကျရှည်သူ (Long)

ဆံပင်တိုနဲ့ မလိုက်ဖက်ပေမယ့် ဆံပင်အရှည်ဖြစ်စေ၊ ပခုံးလောက် အရှည်လို ပုံစံ မျိုးနဲ့တော့ လိုက်ဖက်ပါတယ်။ အရေးကြီးတာကတော့ မေးစေ့နေရာ အပေါ်ဘက်အထိ မတိုလိုက်မိစေဖို့ပါပဲ။ 


Credit - နန်းအိအိဇာ

ဆံကေသာအကြောင်း သိကောင်းဖွယ်ရာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18